ဆိတ်သားစားချင်သော်လည်း ညှီနံ့ကြောက်လို့ ချက်မစားဖြစ်ကြတဲ့သူတွေအနေနဲ့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို မီးကင်စားလို့ရတယ်၊ ကြော်စားလို့ရတယ်။ ဒါ့အပြင် ဟင်းအနှစ်နဲ့ချက်စားလို့ ရပါသေးတယ်နော်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားလို့ရကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများ ဆိတ်သားခြောက် ၈ ချောင်းခန့် ခရမ်းချဉ်သီး ၅ လုံး ကြက်သွန်နီအလုံးကြီး ၃လုံး ဗမာကြက်သွန်ဖြူ ၅မွှာ အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဆီ ၅ ကျပ်သား ဆား အနည်းငယ် အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် ဆိတ်သားခြောက်ကို အတုံးငယ်လေးများ ဖြစ်အောင် ပါးပါးလှီးထားပြီး ရေဆေးထားပါ။ ခရမ်းချဉ်သီးကို ရေဆေး၍ လှီးထားပါ။ ဟင်းချက်တဲ့နေရာမှာ…
Read more
ဝက်သားသရက်ချဉ်ဆီပျံဟင်း
ဝက်သားသရက်ချဉ်ဆီပျံဟင်း
အသားမှာဝက်၊ အသီးမှာသရက်၊ အရွက်မှာလက်ဖက်လို့တင်စားရလောက်အောင် ဝက်သားဟာ မြန်မာလူမျိုးအများစု ကြိုက်နှစ်တဲ့အသားတစ်မျိုးပါ။ ဝက်သားကို အမျိုးမျိုးချက်ပြုတ် ကြော်လှော် စားသောက်လို့ရတာကိုလည်း ဟင်းချက်ဝါသနာရှင်တွေသိရှိပြီးဖြစ်မှာပါ။ အချို့လူတွေကတော့ ဝက်သားဆိုရင် အဆီလေးနဲ့အရသာ ပိုရှိတယ်လို့ ဆိုကြပါတယ်။ ဝက်သားကို အဆီနဲ့လည်း စားချင်တယ်၊ အီမှာလည်းစိုးရိမ်ကြတဲ့သူတွေအတွက် ဝက်သားကို သရက်ချဉ်လေးနဲ့ အအီပြေအောင် ချက်စားတဲ့နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ဝက်သား သရက်ချဉ်ချက်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ဝက်သား ၁၅ ကျပ်သား သရက်ချဉ် ၇ ကျပ်ခွဲသား(အထုပ်သေး (၁)ထုပ်) ငပိ အနည်းငယ် အရောင်တင်မှုန့် အနည်းငယ် ကြက်သွန်နီ ၁ လုံး ခရမ်းချဉ်သီး ၁ လုံး ဆီ ဟင်းစားဇွန်း ၅ ဇွန်းခန့် ဆား အနည်းငယ် အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်…
Read more
ကြက်သားဂွေးတောက်ချက်
ကြက်သားဂွေးတောက်ချက်
ကြက်သားကို ဆီပြန်ဟင်းတွေချက်စားရတာ ရိုးနေတဲ့ ဟင်းချက်ဝါသနာရှင်တွေအတွက် ကြက်သားဂွေးတောက်ဟင်းချက်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ကြက်သား ဂွေးတောက်ဟင်းရည်ဆိုရင်တော့ စားသောက်ဆိုင်တွေမှာလည်း အမျိုးသားအများစု မှာစားလေ့ရှိကြတဲ့ ဟင်းတစ်မယ်လည်းဖြစ်ပါတယ်နော်။ ကြက်သားဂွေးတောက်ဟင်းချက်ဖို့အတွက်ဆိုရင် - ကြက်သား(၁၀)သား၊ ဂွေးတောက်ရွက်(၅)ကျပ်သား၊ ကြက်သွန်နီ(အလုံးသေး) ၅ လုံး၊ ခရမ်းချဉ်သီး(၁)လုံး၊ ကြက်သွန်ဖြူ(ဗမာ) (၅)မွှာ၊ ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်းတစ်ဝက်ခန့်၊ ဆားအနည်းငယ်၊ ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်၊ ဆီဟင်းစားဇွန်း(၁)ဇွန်းတို့ လိုအပ်မှာဖြစ်ပါတယ်နော်။ ပြုလုပ်ပုံအဆင့်ဆင့် ကြက်သားများကို အတုံးငယ်များဖြစ်အောင် တုံးပြီး ရေဆေးကာ ဆားအနည်းငယ်ဖြင့် နယ်၍ နှပ်ထား ပါ။ ဂွေးတောက်ရွက်ကို အရွက်ရင့်/ကြမ်းများ မပါရှိစေရန် ဖယ်၍ ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးများ လှီးထားပါ။ ကြက်သွန်ဖြူ ထောင်းထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပါက ငရုတ်သီးအရောင်တင်မှုန့်နှင့် လှီးထားသော…
Read more
ဝက်သားနီချက်
ဝက်သားနီချက်
ဝက်သားနဲ့ပတ်သက်လို့ ဆိုရိုးစကားတစ်ခုကတော့ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက် ၊ အသားမှာ ဝက်လို့ ပြောလေ့ရှိပါတယ်။ ဒါ့ကြောင့် ဝက်သားဟင်းဆိုရင် လူကြီး လူငယ်မရွေး အများစုကြိုက်နှစ်သက်တဲ့ အသားတစ်မျိုးလည်းဖြစ်ပါတယ်။ ဝက်သားချက်ရင် အခြားနယ်ဘက်တွေမှာတော့ ဆား၊ ဆနွင်း၊ငံပြာရည်စသဖြင့် ချက်လေ့ရှိပေမဲ့ မုံရွာနယ်တစ်ဝိုက်မှာတော့ ဝက်သားချက်ရင် ကြာညို့ကို အသုံးပြုပြီးချက်လေ့ရှိပါတယ်။ ဝက်သားနီချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့- ဝက်သား(၂၅)ကျပ်သား ကြာညို့အနည်းငယ် ဆီအနည်းငယ် ဆားအနည်းငယ် ဟင်းချိုမှုန့်(သို့)ဟင်းခပ်မှုန့် အနည်းငယ် ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ် ဂျင်းတက်အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် ဝက်သားကို အနေတော်တုံးလေးများ လှီးပါ။လှီးထားသော ဝက်သားတုံးများကို ရေစင်အောင်ဆေးကြောပါ။ ထို့နောက် ဝက်သားတုံးများကို ကြာညို့အနည်းငယ်၊ဆား၊ဟင်းခပ်မှုန့်အနည်းငယ်တို့ဖြင့် နှပ်ထားပါ။ ဝက်သားနီချက် ချက်မည့ဒယ်အိုးထဲသို့ ဆီကိုအရင်ထည့်ပြီး ဆီကျက်လာပါက ထောင်းထားသော ဂျင်းတက်နှင့်ကြက်သွန်ဖြူ တို့ ထည့်ပြီး ဆီသတ်ပါ။…
Read more
- 1
- 2