ဗုံလုံသီးကို ကျမတို့ဒေသဘက်မှာတော့ ပဲလင်းမြွေသီးလို့လည်း ခေါ်ပါတယ်။ ဗုံလုံသီး သီးတဲ့အခါ အုပ်မိုးထားတဲ့ အရွက်များအောက်မှာ တွဲလောင်းကျပြီး သီးတာကြောင့် အမှတ်တမဲ့ကြည့်ရင် မြွေနှင့်ခပ်ဆင်ဆင်တူပါတယ်။ အသီးရဲ့အရွယ်အစားကလည်း အလျားလိုက် ရှည်ထွက်ပြီးသီးတတ်သလို တစ်ခါတစ်ရံမှာ ခွေပတ်တွန့်လိမ်ပြီးသီးတဲ့အပြင် အစိမ်းရောင်အသီးပေါ်မှာ အစိမ်း နုရောင်နဲ့ အဖြူရောင် အကြောင်အကျားတွေပါလေ့ရှိလို့ ကျမတို့အရပ်ဒေသမှာတော့ ဗုံလုံသီးကို ပဲလင်းမြွေသီးလို့ပဲ ခေါ်တယ်လို့ သိရပါတယ်။ ဗုံလုံသီးမှာ အမျှင်ဓာတ်၊ အရည်ဓာတ် ပါဝင်မှုများသလို သူ့ရဲ့အရသာက ချိုချိုလေးမို့ မြန်မာ လူမျိုးအများစု ကြိုက်နှစ်သက် ကြပါတယ်။ ဗုံလုံသီးအခေါင်းက ခပ်ပွပွမို့ အဲ့ဒီထဲမှာ နှစ်သက်ရာ အသား၊ငါး၊ ပုစွန်တို့ကို အစာသွပ် ချက်နိုင်ပါတယ်နော်။ အခုတင်ပြမည့် ဟင်းကတော့ ဗုံလုံသီးထဲကို ဝက်သားကို အစာသွပ်ချက်နည်းလေးကို တင်ပြသွားမှာဖြစ်ပါတယ်။ ဗုံလုံသီး ဝက်သားအစာသွပ်ချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင် …
Read more
- 1
- 2